Sunday, October 27, 2013
Wednesday, May 22, 2013
Today is time to live..newswebspicasahttp://www.hlamyaing.shutterfly.comface,the hecklerflickerhla myaingthe conquererfly
myathla
pyuhla
Friday, May 17, 2013
Blog/Drawing
အမေရိကန် အနုပညာ။
မီလဒ် ရှိစ်၏
``အဝတ်လျှော်ဖွပ်နေသူ မြန်မာမိန်းမငယ် နှစ်ဦး(၁၉၄၀
နှစ်များ)``.....အမည်ရ ပန်းချီကား။
ကယ်လီဖိုးနီယားပြည်နယ်သားတစ်ဦးဖြစ်သူ ဆရာသမား မီလဒ် ရှိစ်သည်ကားဆိုလျှင်
.......အမေရိကန် ပြည်ထောင်စု၏ ရေဆေးပန်းချီ အကျော်အမော်တစ်ဦးအဖြစ်
စာရင်းဝင်ပုဂ္ဂိုလ် ဖြစ်လေ၏။ ၁၉၃၀ နှစ်များဆီက ``ကာနေ့ခ်ျ အင်စတီကျု``တွင်
ကျင်းပခဲ့သည့် နိုင်ငံတကာ ပန်းချီပြပွဲတွင် .......သူ တင်ဆက်ခဲ့သည့်
ကိုယ်ပိုင်ဟန် ပန်းချီပုံကားများအတွက် နိုင်ငံနှင့်အဝှမ်း ထူးခြားစွာ
အသိအမှတ်ပြုခံခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်ကြီး အတောအတွင်း သူသည် နာမည်ကျော်
``LIFE``မဂ္ဂဇင်းတွင် အနုပညာသတင်းထောက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၍
၁၉၄၃-၄၄ နှစ်များကာလ ....အိန္ဒိယနှင့် မြန်မာပြည်တကြောဝယ်
ဤအနုပညာသမားတစ်ဦး ရောက်ရှိနေခဲ့လေ၏။ ...ဤပုံကားလေးကတော့ မြစ်ဧရာကမ်းစပ်၊
ရေချိုးဆိပ်တစ်ခုဝယ် အဝတ်လျှော်ဖွပ်နေကြသူ မိန်းကလေးနှစ်ဦး၏ ပုံရိပ်ကို
အနီးကပ်ခြယ်မှုန်းထားခဲ့ခြင်း ဖြစ်ပေသည်။ ယေဘုယျအားဖြင့်
``မြန်မာ့အင်းမေ့ခ်ျ...``ဟု ဆိုနိုင်သည့် မြင်တွေ့ရမြဲ
စေတီဘုရားကျောင်းကန်လေးတွေ ပါဝင်မနေခြင်းသည့် သူ၏ အသစ်ဖြစ်သည့်
စိတ်ကူးစိတ်သန်းများ...ဟု ဆိုနိုင်မည်လား မသိ။ စစ်ကြောင့်
ပင်ပမ်းဆင်းရဲခြင်း၊ စိုးရိမ်သောကလေးများကို ဤမြန်မာမလေးနှစ်ဦး၏
မျက်နှာဝယ် မြင်တွေ့ကြရကာ ....``တကယ်တမ်း မြန်မာတို့သည် အမြဲ
ပြုံးနေကြသည်...``...ဟူသော ကမ္ဘာ့ဆိုရိုးတစ်ခုသည် ဤပုံကားလေးတွင်
ချွင်းချက်တစ်ရပ် ဖြစ်နေပေတော့မည်။ သို့နှင့် ငြိမ်းချမ်းခြင်း...ကို
မှန်းဆနေပုံရလေသူ မီလဒ် ရှိစ်၏ အပြာနုနုလေးများ လွှမ်းမိုးထားသော
စစ်အတွင်းကာလ အနုပညာလက်ရာ ပုံကားတစ်ချပ်ကို ကျွန်ုပ်တို့
စီစဉ်တင်ဆက်လိုက်ပါကြောင်း။ — with Myanmarink Artgallery and

Subscribe to:
Comments (Atom)